ယုံကြည်ချက်၏ အရှုံး
»
ဇာတ်လမ်းအဆုံးမှာ
ရှုံးနိမ့်မယ်မှန်း သိလျက်
ငါ.. ဘာကြောင့်များ
အပြုံးမပျက်ဘဲ ကနေမိခဲ့တာလဲ။ ။
»
မင်းပြောခဲ့တဲ့ ပုံပြင်တွေ
အလိမ်အညာတွေမှန်း မရိပ်မိနိုင်လောက်အောင်
အကြွင်းမဲ့ ယုံကြည်ခဲ့တဲ့
ငါကိုယ်တိုင်ကပဲ ညံ့ဖျင်းနေတာလား။ ။
»
တစ်ဘဝလုံး မမုန်းချင်သူမို့
အပြစ်မမြင် အချစ်ညာဉ်ဆိုးတွေနဲ့
အရှုံးပေးခဲ့ပေမဲ့
အမြဲတမ်းအတွက် သည်းခံလို့
မြတ်နိုးစွာနဲ့ ချစ်တက်တဲ့
ဒီရင်ခွင်ရဲ့ တန်ဖိုးကို
နားမလည်ဘူးဆိုရင်တော့
မင်း စိတ်ကြိုက်သာ ဆုံးဖြတ်ပါ။ ။
Monday, January 12, 2009
|
Labels:
ယမင်း
|
Subscribe to:
Post Comments (Atom)
About Me
WOooo.
Hits

M G . N A Y . W A Y by mg nay way is licensed under a Creative Commons Attribution 3.0 Unported License.
Based on a work at mgnayway.blogspot.com.
Permissions beyond the scope of this license may be available at http://mgnayway.blogspot.com/.

3 comments:
ဇာတ်လမ်းအဆုံးမှာ
ရှုံးနိမ့်မယ်မှန်း သိလျက်
ငါ.. ဘာကြောင့်များ
အပြုံးမပျက်ဘဲ ကနေမိခဲ့တာလဲ။ ။
"ယုံကြည်ချက်၏ အရှုံး"
ကို ခံစားသွားပါတယ်--
ပျော်ရွှင်ပါစေ--
အသစ်လာရှာတာ--အဟောင်းပြန်ဖတ်သွားပါတယ်--
ယုံကြည်ချက်၏ အရှုံး ကဗျာလေးက အရမ်းလန်းတယ်
အနော်လည်း ကြိုက်တယ်- အဲဒီ flow မျိုးကို
Post a Comment