ယုံကြည်ချက်၏ အရှုံး
»
ဇာတ်လမ်းအဆုံးမှာ
ရှုံးနိမ့်မယ်မှန်း သိလျက်
ငါ.. ဘာကြောင့်များ
အပြုံးမပျက်ဘဲ ကနေမိခဲ့တာလဲ။ ။
»
မင်းပြောခဲ့တဲ့ ပုံပြင်တွေ
အလိမ်အညာတွေမှန်း မရိပ်မိနိုင်လောက်အောင်
အကြွင်းမဲ့ ယုံကြည်ခဲ့တဲ့
ငါကိုယ်တိုင်ကပဲ ညံ့ဖျင်းနေတာလား။ ။
»
တစ်ဘဝလုံး မမုန်းချင်သူမို့
အပြစ်မမြင် အချစ်ညာဉ်ဆိုးတွေနဲ့
အရှုံးပေးခဲ့ပေမဲ့
အမြဲတမ်းအတွက် သည်းခံလို့
မြတ်နိုးစွာနဲ့ ချစ်တက်တဲ့
ဒီရင်ခွင်ရဲ့ တန်ဖိုးကို
နားမလည်ဘူးဆိုရင်တော့
မင်း စိတ်ကြိုက်သာ ဆုံးဖြတ်ပါ။ ။
Monday, January 12, 2009 | Labels: ယမင်း | 3 Comments
Love me for Ever
When I want to see you
I m looking for you in chating
When I want to listen
I m feeling with yr song
When I want to cry
I m looking for strength in yr words
When I want to laughing
I m looking for in yr sign()
When I want to see you
I m looking for in yr picture
While I m sleeping
I can see you in my dream
because ,you re
my Lover forever
Forget me never.
Monday, January 05, 2009 | Labels: အချစ် | 0 Comments
ချစ်သံရာ
ငယ်ကချစ် နှစ်တစ်ရာ
ငယ်ဘ၀ချစ် ပစ်ခွာလာ
ဆယ်ဆမက ၀ဋ်လည်ကာ
ခံရပါ့ ချစ်ဝေဒနာ
အချစ်ကြီးသူကို အချစ်ဆူးစေခဲ့မိလို့
အချစ်ဦးကျိန်စာ မိစေတာလား.......¿
(၄)နှစ်တာသံယောဉ်ဇဉ်ကို
စွန့်ပစ်ကာချန်ခဲ့တာမို့
မင်းအချစ်ကို မခံရတာလား............¿
အချစ်စစ်တွေ့လည်း အတုအဖြစ်သာပေး
အရူးဖြစ်အောင်လေး
မေ့ရက်ကာနေ
ဝေးရက်ရာသို့
ရှောင်ခွာပြေးလို့
စိတ်ကစားမိလို့ sorry ပါ................
အခုအဖြစ်သာတွေး
နောက်ဘ၀မရောက်သေး
ဝဋ်လည်ကာဆွေး
ပဲ့ကြွေကာမနှေး
အသည်းအညှာမကသေး
အဆွေးဝေဒနာအဆစ်ပေး
ခုတော့ ချစ်သံသရာလည်ပြီလား..........¿
Monday, January 05, 2009 | Labels: ယမင်း | 0 Comments
ဒီလိုခေါ်ပါ
အချစ်ဆိုတာ
တခါတလေတော့လဲ
ပျားရည်စမ်းနဲ့ မြစ်ပင်လယ်။ ။
အချစ်ဆိုတာ
ခုတော့လဲ
ငါ သောက်နေကျ Red Label။ ။
ချိုအီမွှေးစိမ့်တယ် ထင်ရပေမဲ့
မင်းကြောင့်
အကြိမ်ကြိမ် ငါ မီးပုံထဲ ခုန်ချ
စူးတောထဲ နင်းမိလို နင်းမိ
ရင်ခုန်ခြင်း အတိပေါ့။ ။
အာဒံသို့
ပေးစာတပုဒ်က ခပ်စုတ်စုတ်ပါ
အနုလုံ ပဋိလုံနဲ့
မင်းနာမည်ကို အခါခါ
ရူးသွပ်နေသူ
ငါကို ငါလည်း လွမ်းဆွတ်မိဖူး
အဲဒါကို
အချစ်ရူးလို့ ခေါ်ပါ။
Friday, January 02, 2009 | Labels: ယမင်း | 1 Comments
အောက်တိုဘာ ၁၉
အောက်တိုဘာ ၁၉ ရက်
တနင်္ဂနွေဆိုတာ
မင်းနဲ့ ဆုံတွေ့ဖို့
သက်သက်လား။ ။
မင်းဟာ
ငါ့ဘဝထဲ တိတ်တဆိတ်
ဘာကြောင့် ဝင်လာရတာလဲ။ ။
ငါ့အသဲကို
အိပ်ကပ်ထဲ ထည့်ပြီး
အလွမ်းတွေ ဖြန့်ကျဲပစ်တယ်
သတိရချင်းတွေနဲ့
လုံးထွေးပစ်ပေါက်ခဲ့တယ်
အချစ်ဆိုတဲ့ အဆိပ်ငွေ့တွေ
မွှန်ထွန်အောင် ဆုတ်ဗြဲပစ်တယ်။ ။
တွေ့ရတာ ၀မ်းသာပါတယ်
ဒါလောက်တော့ ငါလဲ ပြောတက်တယ်
ရှိပါစေ
ငါ့ဘဝထဲ ဝင်မလာပါနဲ့
ငါ့ဘထဲ စွပ်စွပ် ဝင်မလာပါနဲ့။ ။
ဟုတ်ကဲ့
ကျနော်လဲ တွေ့ရတာ ဝမ်းသာပါတယ် ၊ ၊
Friday, January 02, 2009 | Labels: ယမင်း | 0 Comments
အချစ်ဆိုသည်ကား အဘယ်နည်း
အချစ်ဆိုသည်ကားအဘယ်နည်း။
ကမ္ဘာမြေတွင်လူသားတို့ မေးခွန်းစထုတ်တတ်ချိန်ကစ၍ ယနေ့အထိ အစဉ်တစိုက်မေးလာခဲ့ကြသော ခေါက်ရိုးတွေအထပ်ထပ်ကျိုးနေသည့် မေးခွန်းအိုကြီးတစ်ခုဖြစ်သည်။
ရှင်းလင်းတိကျသောအဖြေကို ယနေ့အထိ မည်သူမျှမပေးနိုင်လောက်အောင် အလွန်ပင်ခက်ခဲနက်နဲလှ၍ လူတို့၏တွေးခေါ်နိုင်စွမ်းပြင်ပတွင်ရှိသော မေးခွန်းတစ်ခုဖြစ်နေသလို ဆိုက်ကားသမားကအစ ဒဿနိကဗေဒပါရဂူအဆုံး မည်သူမဆို အလွယ်တကူဖြေဆိုနိုင်သော ရိုးစင်းလွန်းလှသည့် မေးခွန်းတစ်ခုလည်းဖြစ်နေသည်။အဘယ့်ကြောင့်ဆိုသော် အချစ်သည် ယေဘုယကျသည့် ဘုံအဖြေတစ်ခုအဖြစ် ( ဥပမာ။ အချစ်သည်ပူ၏) အဓိပ္ပါယ်ဖွင့်ဆိုရန်ခက်ခဲသော အရာတစ်ခုဖြစ်နေသလို လူတိုင်းလူတိုင်းမိမိတို့ဖြတ်သန်းလာခဲ့ရသော ကြည်နူးကြေကွဲအတွေ့အကြုံများကိုမှီငြမ်း၍ အလွယ်တကူအဓိပ္ပါယ်ဖွင့်ဆိုနိုင်သော အတွေ့အကြုံမှီး အသိသဟာတစ်ခုလည်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော်၎င်းတို့အသီးသီး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ကာယကံရှင်တို့ ကိုယ်တိုင်အတွက်သာ သီးခြားမှန်နေနိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်တို့သာဖြစ်၍ ၄င်းတို့အား ဘုံဖွင့်ဆိုချက်တစ်ခုအနေဖြင့် တရားသေ အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးစားမည်ဆိုပါက မိုက်မဲလွန်းရာသာကြနေပေလိမ့်မည်။
အချစ်သည် မျက်တောင်တစ်ချက်မျှပင် မခတ်ရက်လောက်အောင် ရင်သပ်အံ့သြစွာ ငေးမောကြည့်ရှုနေရသည့် ထူးဆန်းလှပသော မျက်လှည့်ပြကွက်တစ်ခုနှင့်လည်းတူသည်။ ၎င်းမျက်လှည့်ပြကွက်သည် ကျွန်ူပ်တို့အား သေသပ်ပိရိစွာလှည့်ဖြားထားသော စိတ်၏ထင်ယောင်မှောက်မှားမှုကြီး (Big Illusion) တစ်ခုသာလျှင်ဖြစ်ကြောင်း ခံစားသိရှိနေရသည့်တိုင် ထိုမျက်လှည့်ပြပွဲရုံကြီးအတွင်းမှ အဘယ့်ကြောင့်ကျွန်ူပ်တို့ ထ၍ထွက်မလာနိုင်ကြသနည်း။ အဖြေကရှင်းပါသည်။ အတုအယောင်ဖြစ်သော ထင်ယောင်မှောက်မှားမှုကြီးတစ်ခု ဖြစ်နေလျှက်နှင့်ပင် ၄င်းသည် ကျွန်ူပ်တို့ပတ်ဝန်းကျင်တွင်ရှိနေသော အခြားအစစ်အမှန်တရား (Ontology) တို့ထက် အဆပေါင်းများစွာသာလွန်၍ ကျွန်ူပ်တို့၏ စိတ်နုလုံးကို ပြော့ပြောင်းညွှတ်ကျအောင် ဆွဲငင်လွှမ်းမိုးထားနိုင်သောကြောင့်ပင်ဖြစ်သည်။
(မှတ်ချက်။ Interpersonal love နှင့် Impersonal love ဟူ၍ အချစ်၏ယေဘုယအသွင်သဏ္ဌန် နှစ်မျိုးရှိသည့်အနက် Interpersonal love ဟူသော လူအခြင်းခြင်းအတွင်း၌သာဖြစ်ပေါ်နိုင်သည့် အချစ်ကိုသာဆိုလိုသည်။ ၄င်း Interpersonal love တွင်လည်း (၅၂၈) အချစ်နှင့် (၁၅၀၀) အချစ်ဟူ၍ ချစ်ခြင်း၏ပုံစံနှစ်ခုထပ်မံကွဲပြားနေပြီး ၄င်းတွင်မှ (၁၅၀၀) အချစ်ဟုခေါ်သော သမီးရည်းစားအချစ်ကိုသာရည်ညွှန်းပြောဆိုပါသည်။)
အဘယ့်ကြောင့်လူတို့ ချစ်ကြသနည်း။
အရာရာကို ကျိုးကြောင်းဆက်စပ်မှုများဖြင့်သာ လိုက်လံတိုင်းတာနေတတ်သော သိပ္ပံပညာရှင်များက တက်စ်စတိုစထရုန်း (Testosterone) နှင့် အက်စ်ထရိုဂျင် (Estrogen) အစရှိသော ဟော်မုန်းများ ထကြွသောင်းကျန်းခြင်းကြောင့် ချစ်ခြင်းဖြစ်ပေါ်လာသည်ဟု အခိုင်အမာဖွင့်ဆိုရှင်းပြနေကြသော်လည်း ဒဿနိကဗေဒရှုထောင့်တစ်ခုမှ ကျွန်တော်ချည်းကပ်ကြည့်သောအခါ အောက်ပါအတိုင်းတွေ့ခဲ့ရသည်။
လူသည် မိမိကိုယ်ကိုဗဟိုပြု၍ မွေးဖွါးလာသော သတ္တ၀ါဖြစ်သည်။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့မိသားစု၊ ငါ့ခန္ဓာကိုယ် အစရှိသည်ဖြင့် လူမှန်းသိတတ်စအရွယ်ကတည်းက မိမိကိုယ်ကို ဗဟိုပြု၍သာ တွေးခေါ်သည်။ မိမိနံဘေးတွင် တည်ရှိနေသော ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုလည်း မိမိအားဗဟိုပြု၍ ၀န်းရံဖြစ်တည်နေသော အရာဟုသာမြင်တတ်ကြသည်။
ဤသို့ဖြင့် တဖြည်းဖြည်းအရွယ်ရောက်လာသောအခါ မိမိကိုဝန်းရံထားသော ပတ်ဝန်းကျင်သည် မိမိထင်သလောက် မိမိအားအာရုံမစိုက်ဟု သံသယ၀င်လာသည်။ ထိုသံသယ တဖြည်းဖြည်းကြီးထွားလာသည်နှင့်အမျှ လူသားသည် အားငယ်စိတ်ဝင်လာပြီး မိမိအား စဉ်ဆက်မပြတ် အာရုံစိုက်ပေးနိုင်မည့် သူတစ်ယောက်ကို အနှေးနှင့်အမြန်တောင်းဆိုလာသည်။
မိမိကိုယ်ကိုအလွန်ချစ်သော အတ္တကြီးထိန်းမနိုင်သိမ်းမရ ဖြစ်လာသောအခါ မိမိဖာသာပြန်ချစ်နေရခြင်းကို မလုံလောက်ဟုမြင်လာပြီး မိမိအပေါ်တွင် မိမိလောက်မဟုတ်တောင်မှ မိမိနည်းပါးချစ်နိုင်မည့် သူတစ်ယောက်ကို ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။
သို့သော်ထိုတောင်းဆိုမှုသည် မိမိ၏မသိစိတ်အတွင်းပိုင်းတနေရာ၏ လှုံ့ဆော်မှုသာဖြစ်၍ စိတ်၏အပေါ်ယံအလွှာသို့ ထိုအချက်အလက်များအသွင်ပြောင်းရောက်ရှိလာသောအခါ မိမိကအခြားသူတစ်ယောက်အား အာရုံစိုက်နေသည်ဟု ထင်မှတ်မှားသွားခဲ့ကြခြင်းဖြစ်သည်။
ဤကဲ့သို့ အားငယ်စိတ်လွန်ကဲနေသော လူသားနှစ်ဦးတို့ အထီးကျန်လမ်းမတစ်နေရာတွင် တွေ့ဆုံခဲ့ကြပြီး မိမိတို့ကိုယ်စီကိုယ်ငှ သယ်ဆောင်လာခဲ့ကြသော အတ္တပုံဆောင်ခဲ အသီးသီးကို အတူတကွဆက်လက်သယ်ဆောင်ရန် သဘောတူညီချက်ရယူလိုက်ကြသောဖြစ်စဉ်ကို " ချစ်ခြင်း" ဟုခေါ်သည်။
ထိုကဲ့သို့ မိမိတို့၏ ကိုယ်စီကိုယ်ငှဘ၀တို့အား အကောင်းဆုံးသက်သေခံပေးနိုင်မည့်သူဟု အပြန်အလှန်မသတ်မှတ်ကြမှီ မမျှော်လင့်ထားသော နေရာနှင့် အချိန် တစ်ခုတို့၌ မထင်မှတ်ထားသော သူနှစ်ဦး တွေ့ဆုံခဲ့ကြခြင်းကိုတော့ " ဖူးစာဆုံခြင်း" ဟုခေါ်သည်။
"ချစ်ခြင်း" ကိုအကျိုးလိုလို့ညောင်ရေလောင်းခြင်းဟု သတ်မှတ်ရန် မသင့်တော်လှသော်လည်း မိမိကအခြားသူတစ်ယောက်အား ချစ်ရန်လိုအပ်သည်ထက် အခြားသူတစ်ယောက်က မိမိအားချစ်ရန်ပို၍ လိုအပ်သည်ဟုပြောလျှင်တော့ မှားမည်ဟုမထင်မိပေ။
ထိုသို့မဟုတ်ပဲ မိမိတစ်ဦးထဲဖက်ကသာ ထိုသူကို ချစ်နေရန်လိုအပ်သည် ဆိုပါက "သ၀န်တိုခြင်း" ဆိုသောစကား ဤကမ္ဘာမြေ၏ အဘိဓါန်၌ ပါဝင်လာစရာအကြောင်းမရှိပေ။
အဘယ့်ကြောင့်ဆိုသော် သ၀န်တိုခြင်း သည် ချစ်သူကို မိမိမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ပေါ်တွင်မှ အာရုံမစိုက်စေလိုသော အချစ်ခံလိုအတ္တတစ်ခုကြောင့်သာ ထွက်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။ထို့ကြောင့် ချစ်၍သ၀န်တိုခြင်းဖြစ်ပေါ်လာနိုင်သည်ထက် အချစ်ခံလို၍သာ သ၀န်တိုခြင်း ဖြစ်ပေါ်လာနိုင်ပါသည်။
မိတ်ဆွေ....သင့်မျက်စိကိုစုံမှိတ်၍ သင့်ကိုယ်သင် မေးခွန်းတစ်ခုပြန်မေးကြည့်လိုက်ပါ။
"ငါသ၀န်တိုတတ်လားလို့....
Saturday, December 20, 2008 | Labels: အချစ် | 0 Comments
ကြိုးညှိသံ
လက်ချောင်းတွေရဲ့ တန်ခိုး
သံမဏိကြိုးလွှဲယမ်း
လေထဲတုန်ခါ
အသံတဲ့၊ သူဖြစ်လာခဲ့ပြီ
သေချာပေါက် မှားယွင်းမှုကြောင့်
သစ်သားဂူထဲက စင်ထွက်
လူမြင်ကွင်းထဲ ' ဒေါင် ' ခနဲပြုတ်ကျလာ
နောက် ဒေါင်ခနဲပြုတ်ကျလာ၊ ဒေါင်
မီးပွင့်ရောင်စုံကြားမှာ
ထော့ကြိုး ထော့ကြိုးနဲ့ တင်ဆက်နေရဲ့။
'ဟင်.......'ဒီလိုပဲလား'
'ဒီလိုပဲလား........ဟင်'
ရွှေပွဲလာတို့
မျက်လုံးတွေ တွန့်ခေါက်
နှုတ်ခမ်းတွေ တွန့်ခေါက်
နားရွက်တွေ တွန့်ခေါက်
စိတ်တွေ တွန့်ခေါက် ကောက်ကွေးလို့။
ထ မပြန်ကြပါနဲ့ဦး အစ်ကိုတို့ရေ
တော်ကြာ သီချင်းလာတော့မှာ။ ။
Thursday, December 11, 2008 | Labels: ကဗျာ | 0 Comments
သင်းကွဲအလွမ်း
သူ့သဘော သူဆောင်တဲ့ အချိန်ကာလထဲ
တို့တွေ မတော်တဆ လွဲချော်ခဲ့
သောင်တင်ခဲ့တယ်….
ဒီရေ မကျဘူး……..။
ဖွင့်နေကျအတိုင်း တံခါးကို တွန်းဖွင့်လိုက်တော့
ဖြစ်နေကျအတိုင်း မနက်ခင်းလေးဟာ လာဖြစ်တယ်
ပွင့်နေကျစံပယ်တွေ မမွှေးမြဘူး……။
အခြေအနေဆိုတာ ကိုယ်က လုပ်ယူရတာပေါ့……..။
လျှပ်တပြတ် ၀င်လာတဲ့ အတွေးတစ်စ
တွင်းထဲက ရေတစ်ပုံးငင်ယူ
မရေရာမှုတွေနဲ့ ထူပူနေတဲ့ မျက်နှာကို
သေချာမှုတစ်ခုနဲ့ သစ်ပစ်လိုက်တယ်…..။
မနက်ခင်း စစ်စစ်တွေကို
ပြတင်းပေါက် စစ်ကနေ မြင်ချင်လှပြီ………။
Thursday, December 11, 2008 | Labels: ကဗျာ | 0 Comments
နေမင်းနဲ့လူသားဘဝ
»
ဒို့ အားလုံး သိကြတယ်
ဘယ်လောက်များတဲ့ တိမ်တိုက်တွေ
ရှေ့မှာ ရှိနေနေ
နေမင်းကြီးဟာ ဆက်လက်တောက်ပနေမှာပဲ
သူရဲ့ အလင်းတန်းတွေကို
အကြိမ်ဘယ်လောက် အများကြီး
ဒို့ရဲ့ မြင်ကွင်းက ပိတ်ဆို့ထားပါစေ
နေမင်းကြီးက ပြန်ထွက်လာလိမ့်မယ်
နောက်တစ်နေ့ကျရင်လေ
အရင်ကထက်တောင်ပိုပြီး
ထွန်းလင်းတောက်ပနေဖို့ပေါ့…….။ ။
»
တစ်ခါတစ်လေ ဘ၀ထဲကို
ဝင်လာတတ်တဲ့
တိမ်မည်းကြီးတွေကို
ကျော်လွှားအနိုင်ယူဖို့
ခိုင်မြဲတဲ့ သန္နိဌာန်ရှိဖို့လိုတယ်
ကိုယ့်ရှေ့မှာ ဘာတွေပဲ ရှိနေနေ
ဆက်လက်တောက်ပနေစေဖို့အတွက်
စိတ်ရှည်ရှည်ထားဖို့ လိုတယ်
အချိန်တန်ရင် အသီးအပွင့်ကို
ခံစားရစမြဲပဲ……….။ ။
»
အခက်အခဲတွေကို ကျော်ဖြတ်ဖို့
အင်အားတွေ အတွင်းမှာ ရှိနေတာကို
သင် အမြဲတမ်း တွေ့ရပါလိမ့်မယ်
ဘာကြောင့်ဆိုတော့ သင် နဲ့ နေမင်းကြီးမှာ
တူညီတာတွေ အများကြီးရှိနေတယ်လေ
ဘာပဲဖြစ်နေနေ
သင်တို့ နှစ်ဦးစလုံးဟာ
ထွန်းလင်းတောက်ပနေကြမှာ မို့ပါပဲ……..။ ။
Thursday, December 11, 2008 | Labels: ကဗျာ | 0 Comments
ထာဝရ
ဘယ်သူတွေ ဘာပြောပြော...........
ဘယ်သူတွေ ဘာလုပ်လုပ်..........
ဘယ်သူတွေ ဘာပဲသင်ပေးပေး......
ငါ့ယုံကြည်ချက်ကတော့ အမြဲမှန်နေမှာပါ.......
ဘယ်သူတွေ ဘယ်လိုခေါ်ခေါ်........
ဘယ်သူတွေ ဘယ်လိုတိုက်ခိုက်နေပေစေ....
ဘယ်သူတွေ ဘယ်ကိုခေါ်သွားပေစေ....
ကိုယ့်နေရာရောက်အောင် ကျွန်တော်ကတော့ပြန်မှာပါ....
ကိုယ့်ယုံကြည်ချက်ကိုတော့ ဘယ်တော့မှမစွန့်လွှတ်နိုင်ပါ.....
ကိုယ်ဟာတခြား တစ်ယောက် ဘယ်တော့မှ ဖြစ်မသွားနိုင်ပါ....
ဘာတွေပဲဖြစ်ဖြစ် ငါဟာ ထာဝရငါပါ.......
မျက်ရည်တွေက အပြုံးတွေဖြစ်လို့...
ညတွေကနေ့ဖြစ်.....
ဆုတောင်းတိုင်းလည်းပြည့်....
တနေ့တော့ဖြစ်လာမလားတွေး......
နေမထွက်ရင်နေပေစေ...
မိုးကောင်းကင်ကြီး မပြာရင်နေပေစေ....
အဆုံးသတ်ဟာ ဘာတွေပဲဖြစ်လာပေစေ...
ငါ့ဘ၀ဟာ မင်းနဲ့အတူ စတင်ခဲ့ တာပါ.....
ထာဝရ မင်းနဲ့အတူပါ......
Wednesday, December 10, 2008 | Labels: ကဗျာ | 0 Comments
ရေရဲ့ သင်္ချာ
" ဟို ဖန်ခွက်နဲ့
ရေတစ်ခွက် သောက်လိုက်လေဗျာ " တဲ့။ ။
ဟုတ်ကဲ့
နေပါဦး မိတ်ဆွေ
ဒါဟာ လိမ္မာစွာ ဆက်ဆံရမယ့်
အချိန်အဆ ပုစ္ဆာဖြစ်နေလို့ပါ။ ။
ဒီလိုလေဗျာ....။ ။
ဖန်ခွက်ထဲက
ရေဘယ်လောက်ကို
ကျွန်တော် ခပ်သောက်ရမှာလဲ။ ။
အပြည့်လား တစ်ဝက်လား
၇ ပိုင်း ၂ ပိုင်းလား
၁၀ ပိုင်း ၃ ပိုင်းလား
ဝင်သွားမယ့် ရေပမာဏနဲ့
ခန္ဒာရဲ့ လိုအင်
ကွက်တိ အဆင်ပြေချင်လို့ပါ။ ။
လူ့ခန္ဒာကိုယ်ဆိုတာ
အင်္ကျီ ၀တ်ခွင့်ရထားတဲ့
ကံကြမ္မာရဲ့ ယန္တရားတစ်ခု ဖြစ်တယ်။ ။
ခန္ဒာကိုယ်ထဲမှာ
ရေ၊ အချစ်၊ အကုသိုလ်
အိုမင်းခြင်း၊ ဖိုမစိတ်
မစိုပြည်တဲ့ တီးလုံးကကွက်ဆန်း
အပြုံးနဲ့ မစ္ဆေရိယတို့ဟာ
သူ့ပမာဏနဲ့သူ
အတိအကျ နေရာရှိထားပါတယ်။ ။
ကျွန်တော့် ခန္ဒာကိုယ်ထဲ
ရေတစ်စက် ပိုဝင်သွားလို့
နုပျိုဆဲ ပန်းတစ်ပွင့်
ကြွေလွင့်သွားမှာလဲ စိုးရိမ်ရသေးတယ်ဗျ။ ။
ဟော
ရေဂါလံ တိကျမှုနဲ့
အသက်ရှုသံ မှန်ကန်စွာ
ဆက်လက် ခုတ်မောင်းသွားတဲ့
ခရီးရှည် ရထားတစ်စင်း
သင့်ပြူတင်းက မြင်လိုက်ရဲ့
မဟုတ်လား။ ။
ဒါပါဘဲ မိတ်ဆွေ
ခန္ဒာကိုယ်ထဲမှာ
အ၀ိဇ္ဖာနဲ့ ၀ိညာဉ်
ဒြပ်စင်နဲ့ ဒြပ်မဲ့
ရေနဲ့ သွေးသား
အားလုံးရဲ့ ဖွဲ့တည်မှုမှာ
တိကျတဲ့ စင်တီမီတာ
မီလီမီတာ
ဂါလံ ဂရမ် ဆိုတဲ့
သင်္ချာ လှေကားတွေ ရှိပါတယ်။ ။
မိတ်ဆွေ
ရေသောက်ရင်
ဆင်ခြင်ပြီးမှ သောက်ပါ
သို့မဟုတ်
ကျွန်ုပ်ကို သတိရပါ။ ။
Wednesday, December 10, 2008 | Labels: ကဗျာ | 0 Comments
ကြေကွဲမှု
သူ့အကြည့်မှာ
ကျွန်တော် တစ်ခါက မျောက်တစ်ကောင် ဖြစ်ခဲ့ဖူးတယ်။
လွယ်လွယ်ပြောကြပါစို့
သူ့သံယောဇဉ် သံအိမ်လေးထဲမှာ။ ။
သူက
ကျွန်တော့်ကို အဆက်အသွယ်ဖြတ်
သကြားလုံးလေးတွေ ကျွေးဖူးတယ်
လွယ်လွယ်ပြောကြပါစို့
ကျွန်တော် သူ့ဖြေဖမိုးလေးအရွေ့ကို
ချောင်းမြောင်း နားစွင့်နေခဲ့ရ။ ။
နေ့စဉ်ရက်ဆက်
......အလွမ်းများ .......လွှသွားများ
ကျွန်တော့်ကို တရိရိ။ ။
Tuesday, December 09, 2008 | Labels: ကဗျာ | 0 Comments
အိမ်ပြေး
တစ်ညလုံး ထိုင်ခြစ်တာတောင်
ကဗျာတစ်ပုဒ်က အသက်ဝင်မလာဘူး။
အဝေးက လွင့်လာတဲ့
ဟစ်ဟော့နံ့ တသင်းသင်းနဲ့ လမ်းဘေးသီချင်းမှာ
ငယ်ဘဝက
အမေ့အိမ်လေးကို လွမ်းတယ်။ ။
မိသားစု ထမင်းဝိုင်းကလေးရဲ့
ကြွေသား ဖြူဖြူမှာ
(တကယ်တော့)
ကျွန်တော်သာ အမြဲ ငရုတ်သီး စပ်သူပါအမေ။ ။
နောင်တနဲ့ ဝင်းမှည့်နေတဲ့
သစ်သီးတစ်လုံးအကြောင်း
အမေစိတ်ပြေရာ ပြေစေကြောင်း
အခု ကျွန်တော် စာလုံး ပေါင်းလိုက်မိပြီ။ ။
Tuesday, December 09, 2008 | Labels: ကဗျာ | 0 Comments
အချစ်လေးတစ်ချစ်
အကြည့်လေး တချက်
ဘ၀အတွက် ခြေတလှမ်း။
အနမ်းလေး တစုံ
ရင်ခုန်ရ တဒင်္ဂ။
ထာဝရ သည်တချစ်
စူးနစ်ရ တသက်တာ။
အကြင်နာ ကြိုးတပင်
သံယောဇဉ် အမျှင်တထုံး။
ရှက်ပြုံးလေး တပွင့်
ခြွေလွှင့်ခဲ့ ကြင်သူသို့။
ကိုယ့်ရင်မှာ အကြင်နာ
စွဲထင်ခဲ့ ထိုမေတ္တာ
အချစ်ဆိုတဲ့ အလှသစ္စာ။
Monday, December 08, 2008 | Labels: ကဗျာ | 0 Comments
About Me
WOooo.

M G . N A Y . W A Y by mg nay way is licensed under a Creative Commons Attribution 3.0 Unported License.
Based on a work at mgnayway.blogspot.com.
Permissions beyond the scope of this license may be available at http://mgnayway.blogspot.com/.
